ဒီနေ့ အလုပ်ဆိုဒ်ထဲ ရောက်လာသည့် သဲကျောက်တွေကို သုံးသင့် မသုံးသင့်
သိဖို့ သူတို့ သိပ်သည်းဆကို စစ်ကြည်ြ့ကရအောင်။...
(က) ကရိယာ တန်ဆာပလာ နှင့် ပစ္စည်း
၁။ လီတာခွက် ၁၀ စင်တီ×၁၀ စင်တီ× ၁၀ စင်တီ
၂။ရေသန့် တစ်ဗူး
၃။Weight balance ကတ္တားငယ်
၎။သဲ ၊ ကျောက် အနည်းငယ် စီ
(ခ)ဆောင်ရွက်ပုံ အဆင့်ဆင့်
ရေပြည်ပါ ရေသန့် တစ်ဗူးကို လီတာခွက်ပြည်အောင်ဖြည့်ပြီး ချိန်တွယ်ပါ။
အလေးချိန် ၁.၀၀ ကီလို ရှိ ပါသည်။
သဲကို အရင် စစ်ဆေးပါမည်။
စစ်ဆေးမည့် သဲကိုရေဆေး၍ တစ်ညခန့် ရေစစ်ဖြန့်လှန်းထားပါ။
နောက်တစ်နေ့ နံက်မှာတော့ ssd သဲ ရပါပြီ။
သဲစစ်ဖို့ အနေအထားသင့်တဲ့ အချိန်ပါပဲ။ လီတာခွက်ထဲကို ခပ်သင့်သင့်သိပ်
ပြီး အပေါ်မျက်နှာပြင်ကို ညီအောင်ညှိပါ။ညီပြီဆိုလျင် အလေးချိန်ပါ။ ခွက်အလွတ်အ
လေးချိန်နှုတ်ပြီး သဲအလေးချိန်ကို မှတ်သားထားပါ။
သဲအလေးချိန်=၁.၆ ကီလို ရပါသည် ဆိုပါစို့။လေဟာနယ် အပါအဝင် တစ်လီတာအလေး
သဲပွင်လေးတွေ ကြားက လေဟာနယ်ကို ရှာရအောင်။
သဲအပြည့်ရှိတဲ့ လီတာ ခက်ထဲကို ရေပြည်အောင် သဲလေးတွေ မဖိတ် မစင်စေပဲ တစ်
စက်ချင်း ရေသန့်ပြည့်အောင်ဖြည့်ပါ။အလေးချိန်ပါ။
သဲ+ရေ အလေး=၁.၉၉ ကီလို ရသည်။ဆိုစို့။
ရေအလေး =၁.၉၉-၁.၆၀=၀.၃၉ ကီလို
ခွက်အတွင်း ရေ ဧ။်ထုထည် =၀.၃၉ လီတာ
ခွက်အတွင်း သဲဧ။်စောလစ်ထုထည်=၁.၀၀ - ၀.၃၉= ၀.၆၁ လီတာ
သဲဧ။် သိပ်သည်းဆ = ၁.၆၀ကီလို/၀.၆၁ လီတာ = ၂.၆၂ ကီလို/လီတာ
သုံးရန်သင့်လျော်ပါသည်။
သုံးသင့်သည့် သဲ ၂.၆<၂.၆၂
ကျောက် စစ်မည်ဆိုလျင်လည်း ဤနည်းအတိုင်းပင်ဖြစ်ပါသည်။
သုံးသင့်သည့်ကျောက် ၂.၆၅<

No comments:
Post a Comment